back

ထိုင်း အစိုးရက အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ နောက်ဆုံးရက်ကို မတ်လအထိ တိုးမြှင့်ပေး

Feb 21 • 2:31 PM

breaking-news

Thailand

Local News

cover

ထိုင်း အစိုးရက အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ နောက်ဆုံးရက်ကို မတ်လအထိ တိုးမြှင့်ပေး

ထိုင်းနိုင်ငံမှာရှိတဲ့ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းကျော်ကို အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးဖို့ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲ...

ထိုင်းနိုင်ငံမှာရှိတဲ့ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းကျော်ကို အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးဖို့ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုမူဝါဒကော်မတီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သဘောတူညီခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ကက်ဘိနက်ဆီ ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး တရီနွတ်ချ် က ကျန်းမာရေးအာမခံ၊ ဆေးစစ်ချက်နဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကြေး ဘတ် ၉၀၀ ပေးသွင်းရမယ့် နောက်ဆုံးရက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးဖို့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 



news-view-count-icon

13