back

မြိတ်တွင် ပျောက်နေသည့် ကလေးငယ် သုံးရက်အကြာတွင် အလောင်းပြန်တွေ့

Feb 21 • 1:13 PM

breaking-news

Myanmar

Tanintharyi

cover

မြိတ်တွင် ပျောက်နေသည့် ကလေးငယ် သုံးရက်အကြာတွင် အလောင်းပြန်တွေ့

မြိတ်မြို့တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းကို ခြောက်တစ်ခင်းရပ်ကွက်၊ ချမ်းမြေ့သာယာဘုန်းကြီးကျောင်းအနီးရှိ ချောင်းတွင်တွေ့ရှိကြောင်း ဒ...

မြိတ်မြို့တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းကို ခြောက်တစ်ခင်းရပ်ကွက်၊ ချမ်းမြေ့သာယာဘုန်းကြီးကျောင်းအနီးရှိ ချောင်းတွင်တွေ့ရှိကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။ခြောက်တစ်ခင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၁နှစ်နှင့် ၈လအရွယ် သမီးငယ်တစ်ဦးသည် ဆော့ကစားနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ပျောက်ဆုံးသွားသည့် ကလေးငယ်သည် အမွှာညီအစ်မ နှစ်ဦးအနက် အကြီးသမီးငယ်ဖြစ်ပြီး ပျောက်ဆုံးပြီးနောက် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည်။ ကလေးငယ်၏ ရုပ်အလောင်းကို မြိတ်မြို့ခံ နာရေးကူညီမှုအသင်းတစ်ခုဖြစ်သည့် ဝဋံသကအသင်းက ရင်ခွဲရုံသို့ ပို့ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။


news-view-count-icon

19