back

အမေရိကန် ဘိုးရင်းလေယာဉ် အများအပြား ဗီယက်နမ် ဝယ်ယူ

Feb 21 • 7:36 AM

breaking-news

Vietnam

Local News

cover

အမေရိကန် ဘိုးရင်းလေယာဉ် အများအပြား ဗီယက်နမ် ဝယ်ယူ

ဗီယက်နမ်‌ လေကြောင်းလိုင်း ၃ ခုက လေယာဉ်အစီးပေါင်း ၉၀ ကျော် ဝယ်ယူရန် အမေရိကန်မှ ဘိုးရင်းလေယာဉ်ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။သမ္မတထရန့် ဖွဲ့စည်းထာ...

ဗီယက်နမ်‌ လေကြောင်းလိုင်း ၃ ခုက လေယာဉ်အစီးပေါင်း ၉၀ ကျော် ဝယ်ယူရန် အမေရိကန်မှ ဘိုးရင်းလေယာဉ်ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။သမ္မတထရန့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်း‌ရေးဘုတ်အဖွဲ့ အစည်းအဝေး တက်ရောက်ရန် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ် အမေရိကန်နိုင်ငံသို့ လည်ပတ်စဉ် ယင်းသို့ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံတန်သော ဘိုးရင်း ၇၃၇ - ၈ လေယာဉ် အစီး ၅၀ ဝယ်ယူသွားရန် လက်မှတ်ရေးထိုးလိုက်ကြောင်း ဗီယက်နမ်အမျိုးသားလေကြောင်းလိုင်း Vietnam Airlines က ကြေညာခဲ့ပြီး ၂၀၃၀ နှင့် ၂၀၃၂ ခုနှစ်ကြားတွင် လေယာဉ်များ လက်ခံရရှိနိုင်ရန် စီစဉ်ထားသည်။

တန်ကြေး ဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံရှိသော ဘိုးရင်း ၇၈၇ - ၉ Dreamliner လေယာဉ် အစီး ၄၀ ဝယ်ယူသွားမည့် အစီအစဉ်ကို ဗီယက်နမ်လေကြောင်း လိုင်းသစ်တစ်ခုဖြစ်သည့် Sun Phu Quoc Airways ကလည်း လက်မှတ်ရေးထိုးခဲ့သည်။တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်သည့် VietJet ကလည်း ဘိုးရင်း ၇၃၇ - ၈ လေယာဉ် ၆ စီးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၉၆၅ သန်းအား Griffin Global Asset Management မှ တစ်ဆင့် ရယူနိုင်ခဲ့ကြောင်း သိရသည်။ထိုသို့ လေယာဉ်များ အမြောက်အမြား မှာယူခြင်းမှနေ၍ ဗီယက်နမ်၏ ကျယ်ပြန့်လာသော လေကြောင်းလုပ်ငန်းကို ထင်ဟပ်နေသလို အမေရိကန်နှင့် ဗီယက်နမ်ကြား ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆက်ဆံမှုမှ အပေါင်းလက္ခဏာများလည်း ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများက ပြောကြားကြသည်။



news-view-count-icon

10