ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဇန်ဥပုသ်လကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း စတင်ခဲ့ကြရာ အစ္စရေး၏ ပြင်းထန်သော စစ်ဆင်ရေးများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားနေသည့် ဂါဇာဒေသတွင်လည်း ယခုနှစ်ဥပုသ်ကာလကို ခက်ခဲစွာ ကျင်းပလျက်ရှိသည်။ Lancet Global Health ၏ ထုတ်ပြန်ချက်အရ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ယင်းအထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများအပြား ပါဝင်နေသလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း အရပ်သားများကို ငတ်မွတ်စေခြင်းနှင့် အဓမ္မရွှေ့ပြောင်းခိုင်းခြင်းတို့မှာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း သတိပေးထားသည့်ကြားမှ ဂါဇာပြည်သူများသည် ၎င်းတို့၏ အထွတ်အမြတ်ထားရာ ဥပုသ်လကို အပျက်အစီးများကြား၌ပင် ဝတ်ပြုဆုတောင်းမှုများဖြင့် စတင်ကျော်ဖြတ်နေကြခြင်း ဖြစ်သည်။
ဂါဇာဒေသတွင် စစ်ပွဲဒဏ်ကြောင့် အပျက်အစီးနှင့် သေဆုံးမှုများပြားနေသည့်ကြားမှ ရာမဇန်ဥပုသ်ကာလကို စတင်ဖြတ်သန်းနေ
Feb 21 • 5:34 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


