၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီခွဲအချိန်မှာ ဘန်ကောက်မြို့၊ Bang Khen ခရိုင်၊ Tha Raeng ရပ်ကွက်မှာရှိတဲ့ ကားအပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ အမျိုးသားတစ်ဦးက သေ_န_တ်အချက်ပေါင်းများစွာ ပ-စ်ခ-တ်ခဲ့ပါတယ်။အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ၊ ကင်းလှည့်ရဲတွေနဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၁၀၀ ကျော်လောက်ဟာ အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် သွားရောက်ခဲ့ပါတယ်။ လုံခြုံရေးအရ Ramintra လမ်းသွယ် ၂၈ နဲ့ ၃၀ ကြားက လမ်းတွေကို ပိတ်ဆို့ထားခဲ့ပြီး အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းဖို့ စီစဉ်ခဲ့ပါတယ်။ဆွေမျိုးတွေက နှစ်နာရီကျော်ကြာ ဖြောင်းဖျပြောဆိုပြီးနောက်မှာတော့ ပြစ်မှုကျူးလွန်သူ အသက် ၅၁ နှစ်အရွယ် ကားအပိုပစ္စည်းဆိုင်ပိုင်ရှင် မစ္စတာ ဗီရဖတ်ဟာ ရဲတပ်ဖွဲ့ထံ လက်နက်ချ အဖ-မ်းခံဖို့ သဘောတူခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်တွေအရ သူဟာ အရက်မူးပြီး စိတ်ဖိစီးနေတာကြောင့် ဆိုင်ထဲမှာ သေ_န_တ်ပ-စ်ဖောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့က သူ့ကို ဖ-မ်းဆီးထိန်းသိမ်းလိုက်ပြီး သေ_န_တ်နှစ်လက်နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းကာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။



