back

ဖားကန့်ဒေသက G 12 ကျောင်းသားအားလုံး ကားမိုင်းစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမယ်ဆိုလို့ အခက်တွေ့နေ

Feb 20 • 1:15 PM

breaking-news

Myanmar

Kachin

cover

ဖားကန့်ဒေသက G 12 ကျောင်းသားအားလုံး ကားမိုင်းစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမယ်ဆိုလို့ အခက်တွေ့နေ

ဖားကန့်ဒေသမှာရှိတဲ့ G 12 ကျောင်းသူကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကားမိုင်းမြို့စာစစ်ဌာနမှာ သွားရောက် ဖြေဆိုကြရမယ်ဆိုတာကြောင့် မိဘတွေမှာ အခက်အခဲဖြစ်...

ဖားကန့်ဒေသမှာရှိတဲ့ G 12 ကျောင်းသူကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကားမိုင်းမြို့စာစစ်ဌာနမှာ သွားရောက် ဖြေဆိုကြရမယ်ဆိုတာကြောင့် မိဘတွေမှာ အခက်အခဲဖြစ်နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေအခြေအနေအရ 

ဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင် ဒေသတွေကG12 ကျောင်းသား ကျောင်းသူအားလုံးဟာ ကားမိုင်းမြို့မှာ စာမေးပွဲသွားရောက် ဖြေဆိုရမှာဖြစ်ကြောင်း ၊ ကားမိုင်း နဲ့ ဖားကန့်ကို နေ့ချင်းပြန်သွားရောက်ပြီး စာမေးပွဲဖြေဆိုဖို့ မဖြစ်နိုင်တဲ့အတွက် ညအိပ်သွားရောက် နေထိုင်ပြီး စာမေးပွဲ ဖြေဆိုကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညအိပ်သွားရောက်ပြီး စာမေးပွဲဖြေဆိုရပါက ကားမိုင်းနဲ့ ဖားကန့် သွားလာမှုကုန်ကျစရိတ် ၊ စာမေးပွဲ ဖြေဆိုနေစဥ်ကာလအတွင်း နေထိုင် စားသောက်မှု စရိတ် အပါအဝင် အထွေထွေကုန်ကျစရိတ်တွေ များတဲ့အတွက် တချို့သော မိဘတွေအနေနဲ့ ငွေကြေးမတတ်နိုင်တဲ့ အခက်အခဲကို ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါကြောင့် ကျောင်းသားတွေကို  ဖားကန့်မှာပဲ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခွင့် ပြုပေးဖို့ မိဘတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ 


news-view-count-icon

24