back

မော်တင်ဘုရားပွဲ သွားရောက်သူအချို့ တည်းခိုခန်းခတွေ အလိမ်ခံရ

Feb 20 • 12:08 PM

breaking-news

Myanmar

Ayeyarwady

cover

မော်တင်ဘုရားပွဲ သွားရောက်သူအချို့ တည်းခိုခန်းခတွေ အလိမ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကျင်းပနေတဲ့ မော်တင်စွန်းဘုရားပွဲကို သွားရောက်လည်ပတ်ကြသူအချို့မှာလူမှုကွန်ရက်တွေပေါ်မှာ တည်းခိုခန်းကြော်ငြာတွေကို က...

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကျင်းပနေတဲ့ မော်တင်စွန်းဘုရားပွဲကို သွားရောက်လည်ပတ်ကြသူအချို့မှာလူမှုကွန်ရက်တွေပေါ်မှာ တည်းခိုခန်းကြော်ငြာတွေကို ကြည့်ရှုပြီးနောက် ငွေကြိုလွှဲကာ အခန်းမှာယူထားသူတွေမှာ တည်းခိုခန်းကို ရောက်ရှိချိန် အခန်းခ ကြိုတင်ပေးသွင်းထားခြင်းမရှိဘဲ လိမ်လည်ခံရတာ၊ တည်းခိုခန်းအချို့မှာ ကြော်ငြာမှာ ဖော်ပြထားသလို အခန်းသန့်ရှင်းမှုမရှိတာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ဒါ့အပြင် တည်းခိုခန်းအချို့ဟာ လူမှုကွန်ရက်တွေပေါ်မှာ ကြော်ငြာချိန်မှာ ဓာတ်ပုံအတုတွေကို အသုံးပြုထားပြီး လက်တွေ့မှာ အခန်းမသန့်ရှင်းတာ၊ ကြော်ငြာချိန် ထည့်သွင်းပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ မပါဝင်တာပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ဒါ့အပြင် ရပ်ဝေးကနေ လာရောက်ရောင်းချတဲ့ ၁၂ ပွဲဈေးသည်တွေဆီမှာ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်းတွေ မဝယ်ယူခင်မှာလည်း ဈေးနှုန်းကို ကြိုတင်မေးမြန်းဖို့ သူက ဆက်ပြီး အကြံပြုပါတယ်။




news-view-count-icon

30