back

ယူအေအီးနိုင်ငံ၊ရှာဂျာ (Sharjah) တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ၂ နှစ်အရွယ် ကလေးငယ်၏ မိဘများက တရားခံယာဉ်မောင်းအား ခွင့်လွှတ်ကြောင်း ကြေညာ

Feb 20 • 7:34 AM

breaking-news

UAE

Local News

cover

ယူအေအီးနိုင်ငံ၊ရှာဂျာ (Sharjah) တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ၂ နှစ်အရွယ် ကလေးငယ်၏ မိဘများက တရားခံယာဉ်မောင်းအား ခွင့်လွှတ်ကြောင်း ကြေညာ

ယူအေအီးနိုင်ငံ၊ ရှာဂျာ (Sharjah) မြို့တွင် ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ် ယာဉ်မတော်တဆမှုတစ်ခုတွင် ၎င်းတို့၏ တစ်ဦးတည်းသော သားငယ် (၂၂ လအရွယ်) ကို တိ...

ယူအေအီးနိုင်ငံ၊ ရှာဂျာ (Sharjah) မြို့တွင် ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ် ယာဉ်မတော်တဆမှုတစ်ခုတွင် ၎င်းတို့၏ တစ်ဦးတည်းသော သားငယ် (၂၂ လအရွယ်) ကို တိုက်မိခဲ့သည့် အိမ်နီးချင်း ယာဉ်မောင်းအား အိန္ဒိယလူမျိုး မိဘနှစ်ပါးက အမှုမဖွင့်ဘဲ ခွင့်လွှတ်လိုက်ကြောင်း ကြာသပတေးနေ့ သတင်းတွင်ဖော်ပြထားသည်။အဆိုပါ ကလေးငယ် Alan Rumi သည် ၎င်း၏မိခင်နှင့်အတူ ကေရလာ (Kerala) ပြည်နယ်မှ ဖခင်ဖြစ်သူထံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိနေစဉ် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက Muwaileh အရပ်ရှိ ၎င်းတို့နေထိုင်ရာ အဆောက်အအုံအနီး သဲကွင်းပြင် ကားပါကင်တွင် ယာဉ်တိုက်မိခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူက အမှိုက်ပုံးတွင် အမှိုက်သွားပစ်စဉ် ကလေးငယ်က လက်မှရုန်းထွက်ကာ ပြေးသွားခဲ့ရာ၊ ထိုအချိန်တွင် ကားနောက်ဆုတ်နေသည့် အိမ်နီးချင်းဖြစ်သူက မမြင်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယာဉ်မောင်းဖြစ်သူသည် ကလေးငယ်ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့သော်လည်း အတွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ကလေး၏ မိဘများဖြစ်ကြသော Sherafudheen နှင့် Safna တို့သည် ၎င်းတို့၏ သားငယ်ကို ယူအေအီးတွင် သင်္ဂြိုဟ်ပြီးနောက် အိန္ဒိယသို့ မပြန်မီ အာဏာပိုင်များထံသို့ "ယာဉ်မောင်းအပေါ် မည်သည့်အမှုမျှ မဖွင့်လိုကြောင်းနှင့် အခြားမိသားစုတစ်ခုကို ထပ်မံ၍ စိတ်ဆင်းရဲမှု မဖြစ်စေလိုကြောင်း" စာဖြင့်ရေးသား အကြောင်းကြားခဲ့သည်။

news-view-count-icon

9