back

ထိုင်းလူငယ်များအကြား HIV ပိုးကူးစက်မှု သိသိသာသာ မြင့်တက်လာ

Feb 20 • 7:23 AM

breaking-news

Thailand

Local News

cover

ထိုင်းလူငယ်များအကြား HIV ပိုးကူးစက်မှု သိသိသာသာ မြင့်တက်လာ

ထိုင်းနိုင်ငံတွင် လူငယ်လူရွယ်များအကြား HIV ရောဂါပိုး ကူးစက်မှုနှုန်းမှာ စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် သိသိသာသာ မြင့်တက်လာကြောင်းနှင့် ပြီးခဲ့သည့်နှစ်အတွင်း တစ...

ထိုင်းနိုင်ငံတွင် လူငယ်လူရွယ်များအကြား HIV ရောဂါပိုး ကူးစက်မှုနှုန်းမှာ စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် သိသိသာသာ မြင့်တက်လာကြောင်းနှင့် ပြီးခဲ့သည့်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုးရှိသူအသစ် ၁၃,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ရာ ကူးစက်ခံရသူအသစ်များ၏ ၃၅ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ HIV နှင့်အတူ ရှင်သန်နေထိုင်သူ စုစုပေါင်း ၅ သိန်းကျော်ရှိလာပြီဖြစ်ပြီး ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံး အပါအဝင် သက်ဆိုင်ရာဌာနများက လူငယ်များအကြား ရောဂါပိုးကူးစက်မှု မြင့်မားနေသည့် အခြေအနေကို အထူးစိုးရိမ်ရသည့် ကိစ္စရပ်အဖြစ် သတ်မှတ်ကာ သတိပေးပြောကြားထားကြောင်း သိရသည်။

news-view-count-icon

19