ဟိုတယ်နှင့် တည်းခိုခန်းပုံစံ အခန်းကန့်၍ ဖွင့်လှစ်ထားသော ပုဂ္ဂလိကရုပ်ရှင်ရုံငယ် (Private Cinema) အချို့တွင် လုပ်ငန်းလိုင်စင်မရှိခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများ ပြသခြင်းနှင့် လူမှုရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီက အသိပေးကြေညာလိုက်သည်။ ရန်ကုန်နှင့် နေပြည်တော်ရှိ အချို့သော Mini Cinema များကို တရားမဝင်ဖွင့်လှစ်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများအနေဖြင့် ပြသခွင့်လိုင်စင်များရှိပါက ချက်ချင်းရုပ်သိမ်းရန်နှင့် တရားမဝင်ပြသနေမှုများကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူရန် ညွှန်ကြားထားကြောင်း သိရသည်။
| 38 | 0 | 0 | 0 |


