back

တောင်ဒဂုံရှိ သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ စာချုပ်တွင် မပါဝင်သူများကို နေထိုင် စေခြင်းနှင့် အခန်းအရောင်း အဝယ် ပြုလုပ်ပါက အရေးယူခံရမည်

Feb 20 • 5:32 AM

breaking-news

Myanmar

Yangon

cover

တောင်ဒဂုံရှိ သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ စာချုပ်တွင် မပါဝင်သူများကို နေထိုင် စေခြင်းနှင့် အခန်းအရောင်း အဝယ် ပြုလုပ်ပါက အရေးယူခံရမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် တရားဝင် နေထိုင်ခွင့်ရသူမှအပ အိမ်ငှားစာချုပ်တွင် မပါဝင်သူများကို နေထိ...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် တရားဝင် နေထိုင်ခွင့်ရသူမှအပ အိမ်ငှားစာချုပ်တွင် မပါဝင်သူများကို နေထိုင်စေခြင်း၊ ထပ်ဆင့်ငှားရမ်းခြင်းနှင့် နိုင်ငံပိုင်အခန်းများကို တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်းများ မပြုလုပ်ရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်သည်။ နေရေးအခက်အခဲရှိသော ဝန်ထမ်းများနှင့် အငြိမ်းစားများအတွက် (၅) နှစ် သတ်မှတ်ချက်ဖြင့် ငှားရမ်းပေးထားသော အဆိုပါအိမ်ရာရှိ အခန်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းစားသူ (၃) ဦးအား ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်စီ ချမှတ်ခဲ့ပြီးဖြစ်ကာ၊ နောင်တွင်လည်း စစ်ဆေးတွေ့ရှိပါက အိမ်ခန်းငှားရမ်းခွင့် ပယ်ဖျက်သိမ်းယူမည့်အပြင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18