မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားကြီး ဖွင့်လှစ်ပြီးနောက် ခရီးသွားလုပ်ငန်းသစ်အဖြစ် ဆိပ်ကြီးခနောင်တို ကျွန်းပတ် အပျော်စီးသင်္ဘောခရီးစဉ်ကို The Best Traveling Myanmar မှ စတင်စမ်းသပ်ပြေးဆွဲနေကြောင်း သိရသည်။ အဆိုပါခရီးစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ပထမအကြိမ် စမ်းသပ်ခဲ့ပြီး၊ လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ကာ ဒလတံတားရှုခင်း၊ ရန်ကုန်မြစ်ကြောင်းနှင့် တွံတေးတူးမြောင်းအနီးရှိ ခနောင်တိုချောင်းအတွင်းသို့ ဒုတိယအကြိမ်အဖြစ် ထပ်မံစမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကာ ခရီးသည်များ၏ စိတ်ဝင်စားမှုအပေါ် မူတည်၍ ပုံမှန်ခရီးစဉ်အဖြစ် ပြေးဆွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားဖွင့်လှစ်ပြီးနောက် အပျော်စီးသင်္ဘော ခရီးစဉ်သစ်ကို စမ်းသပ်ပြေးဆွဲ
Feb 20 • 4:27 AM
Myanmar
Yangon
Share
| 36 | 0 | 0 | 0 |


