back

မြဝတီမြို့တွင် ငွေကျပ် ၉,၂၈၉.၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Feb 20 • 3:22 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့တွင် ငွေကျပ် ၉,၂၈၉.၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းနေ အောင်လွင်(ခ)မောင်ထင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းနေ အောင်လွင်(ခ)မောင်ထင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မရီရွှင်ကြည်း၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ၊ လောက်ချိန် နှင့် အားစော တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၂.၁၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၂၅၂.၅ သိန်း)၊ အက်တက်စီဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)၊ Happy Water အလေးချိန် ၄၇၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၈၀)၊ အရောင်မှုန့် အလေးချိန် ၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ ကက်တမင်းအရည် ၁.၁၉ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၂၃.၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၁.၂ သိန်း)၊ Ethy Alchol ၇ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၇၀,၀၀၀)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၇၄၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။၎င်းတို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

news-view-count-icon

27