ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ အပါအဝင် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး အနီးကပ်ကြီးကြပ်ရန်နှင့် ဖြစ်ထွန်းအောင်မြင်မည့် မြေနေရာသစ်များ ရှာဖွေဖော်ထုတ်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်မြို့တွင်ပြုလုပ်သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အစည်းအဝေး၌ မှာကြားခဲ့ပြီး၊ အဆိုပါအစည်းအဝေးတွင် Green Zone များ၊ Export Zone များ ဖော်ဆောင်နေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအသုံးချမှု အခြေအနေများကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Feb 20 • 2:16 AM
Myanmar
Ayeyarwady
Share
| 29 | 0 | 0 | 0 |


