စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းတွင် ၁၂ ပေပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၁၁၀ ပါဝင်သော ညဈေး (Night Market) ကို ဖျော်ဖြေရေးအစီအစဉ်များ၊ တေးသံသာများနှင့်အတူ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပြီး၊ တစ်ဆက်တည်းမှာပင် ဘုန်းစိုးရပ်ကွက်၌ ဆိုင်ခန်းပေါင်း ၄၁ ခန်းပါဝင်သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာကိုလည်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်စင်တာတွင် ကားပစ္စည်းနှင့် အလှဆင်ပစ္စည်းဆိုင် ၁၀ ဆိုင်၊ ယာဉ်ပြုပြင်ရေးလုပ်ငန်း ၈ ခု၊ ကားရေဆေးဆီလိုက်လုပ်ငန်း ၁ ခု၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းဆိုင် ၈ ဆိုင်၊ စားသောက်ဆိုင် ၉ ဆိုင်နှင့် ဆံသ/အလှပြင်ဆိုင် ၁ ဆိုင်တို့ ပါဝင်မည်ဖြစ်ရာ နေ့ပိုင်းမအားလပ်သည့် ဝန်ထမ်းများနှင့် အပန်းဖြေလိုသူများအတွက် ကန်သာယာညရှုခင်းကို ခံစားရင်း လိုအပ်သည်များကို တစ်နေရာတည်းတွင် စုံလင်စွာ ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။
Feb 20 • 1:49 AM
Myanmar
Sagaing
Share
| 54 | 0 | 0 | 0 |


