ပြည်တွင်း၌ စပေါ်ငွေနှင့် အုံနာကြေးများ အဆမတန်မြင့်တက်လာသည့်အပြင် စီးနင်းသူ ခရီးသည်နည်းပါးလာသဖြင့် နေ့တွက်ခမရေရာသည့် အခြေအနေများကြုံလာပြီး အလုပ်ပြောင်းသည့်ယာဉ်မောင်း အချို့ရှိလာကြောင်း တက္ကစီအငှားယာဉ်မောင်းလုပ်ကိုင်သူများကြားမှ သိရသည်။လက်ရှိတွင် EV၊ ဆီကား၊ CNG ဂတ်စ်ကားအမျိုးအစားနှင့် ယာဉ်ပိုင်ရှင်ပေါ်မူတည်ပြီး အငှားယူမောင်းမည်ဆိုပါက ပိုင်ဆိုင်မှု အထောက်အထားများအပြင် စပေါ်ငွေ ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ အထက်ပေးရကြောင်း၊ အုံနာကြေးမှာ တစ်ရက်လျှင် သုံးသောင်းကျပ်အထက်မှ ကျပ်ခြောက်သောင်းကျော်ပေးရပြီး EV မှာ ရှစ်သောင်းမှ တစ်သိန်းကြားဖြစ်နေကြောင်း၊ ထိုသို့ ပေးရသော်လည်း အငှားယူမောင်းမည့်ကားကို လိုသလိုမရဘဲ ငှားရမ်းပေးမည့် ယာဉ်ပိုင်ရှင်လည်း နည်းပါးနေကြောင်း သိရသည်။
Feb 20 • 1:30 AM
Myanmar
Local
Share
| 35 | 0 | 0 | 0 |


