back

ရှမ်းပြည်နယ်၌ တောမီးရှို့ရာမှ မီးခိုးများကြောင့် လမ်းမမြင်ရသဖြင့် ယာဥ်တိုက်မှု၊ တိမ်းမှောက်မှု မကြာခဏဖြစ်နေ

Feb 20 • 1:22 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ တောမီးရှို့ရာမှ မီးခိုးများကြောင့် လမ်းမမြင်ရသဖြင့် ယာဥ်တိုက်မှု၊ တိမ်းမှောက်မှု မကြာခဏဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်နှင့် ခိုလမ်မြို့ကြားတွင် ယမန်နေ့၌ ကားလမ်းဘေး၌မီးရှို့မှုကြောင့် မီးခိုးများဖုံလွမ်းပြီး လမ်းမမြင်ရသဖြင့် တစ်ဖက်ကလာသည...

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်နှင့် ခိုလမ်မြို့ကြားတွင် ယမန်နေ့၌ ကားလမ်းဘေး၌မီးရှို့မှုကြောင့် မီးခိုးများဖုံလွမ်းပြီး လမ်းမမြင်ရသဖြင့် တစ်ဖက်ကလာသည့် ကားကိုရှောင်ရင်း ဆိုင်ကယ်နှစ်စီးတိမ်းမှောက်ကာ လူ(၄)ဦး ဒဏ်ရာရခဲ့သည်။"မီးက လေကြောင့် ချက်ချင်းအရှိန်တွေတက်လာပြီး လမ်းမှာ ဘာမှကိုမမြင်ရတော့တာ။ အဲမှာ တစ်ဖက်ကလာတဲ့ ကားကိုရှောင်ရင်း ဖြစ်သွားတယ်လို့ပြောတယ်။ တစ်ယောက်ဆို ဒဏ်ရာပြင်းတယ်။ ဆိုင်ကယ်ပါစုတ်ပြတ်သွားတာတွေ့ခဲ့တယ်၊တောမီးရှို့မယ်ဆိုလည်း အခြေအနေဘယ်လိုရှိနိုင်လဲ ကြည့်ပြီးရှို့သင့်တယ်။ နွေရာသီဆိုတော့ မီးအန္တရာယ် ကြောက်ရတယ်။ ရွာတွေမှာဆို မီးကူးရင်း အိမ်တွေပါမီးလောင်နိုင်တယ်။ လမ်းတွေမှာ မီးတွေကြောင့် စောင့်ရလို့ အချိန်ကြန့်ကြာတယ်"ဟု ဒေသခံက ဆိုသည်။နွေရာသီတွင် တောမီးရှို့မှုများကြောင့် မလိုလားအပ်သည့် မီးအန္တရာယ်မဖြစ်ပေါ်စေရန် ဒေသတွင်းတာဝန်ရှိသူများကို တောမီးအန္တရာယ် သတိပေးစေလိုသည့် အပြင် ဒေသခံများလည်း အသိသတိဖြင့် ဆင်ခြင်ပေးကြရန် ဒေသခံက တောင်းဆိုသည်။

news-view-count-icon

22