back

မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့်သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသိပေးထုတ်ပြန်

Feb 19 • 5:30 AM

breaking-news

Myanmar

Local

breaking-news
cover

မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့်သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသိပေးထုတ်ပြန်

အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မ...

အနုပညာတင်ဆက်ဖျော်ဖြေမှုများတွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့်ပြကွက်များကို ရေးသားညွှန်ကြားသရုပ်ဆောင်မှုများကို မပြုလုပ်ဘဲ ရှောင်ကြည်ကြပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဖေဖော်ဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ထားသည်။အနုပညာတင်ဆက်ဖျော်ဖြေမှုအချို့တွင် မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သည့် သဘောမျိုးဖြင့် တင်ဆက်ဖျော်ဖြေမှုများကို တွေ့ရှိနေရကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။ရုပ်ရှင်ဆင်ဆာအဖွဲ့အနေဖြင့်လည်း မသန်စွမ်းသူများကို နှိမ့်ချလှောင်ပြောင်သရော်သည့် သရုပ်ဆောင်ကွက်များကို သရုပ်ပြသခြင်းမပြုရန် တားမြစ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။



news-view-count-icon

77