back

ကရင်ပြည်နယ်တွင် တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၅၉၀ဖမ်းမိခဲ့

Feb 19 • 4:23 AM

breaking-news

Myanmar

Kayin

breaking-news
cover

ကရင်ပြည်နယ်တွင် တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၅၉၀ဖမ်းမိခဲ့

ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြဝတီမြို...

ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြဝတီမြို့နယ် အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့အတွင်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၅၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၂၀,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်ရှိ Mitsubishi L200 Pick Up တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ယင်းစက်သုံးဆီများတင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀) အား ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၇၂၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



news-view-count-icon

23