menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မြန်မာ - ကိုရီးယား ပူးပေါင်းရိုက်ကူးမည့် All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်များ ရွေးချယ်ထုတ်ပြန်

Feb 19 • 4:08 AM

breaking-news

Myanmar

Local

breaking-newsbreaking-news

Share

share-news
cover

မြန်မာ - ကိုရီးယား ပူးပေါင်းရိုက်ကူးမည့် All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်များ ရွေးချယ်ထုတ်ပြန်

မြန်မာ-ကိုရီးယား ပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ သရုပ်ဆောင်များ၏ အမည...

cover-photo

မြန်မာ-ကိုရီးယား ပူးပေါင်း၍ ပထမဆုံးရိုက်ကူးထုတ်လုပ်မည့် All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ သရုပ်ဆောင်များ၏ အမည်စာရင်းကို ယနေ့တွင် ရွေးချယ်ထုတ်ပြန်လိုက်သည်။အဆိုပါ ဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်းအား ကိုရီးယားနိုင်ငံ မှ ဒါရိုက်တာအဖွဲ့ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လူတွေ့စစ်ဆေးခြင်း (Audition) သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ရွှေကြိုအနုပညာရှင်များ ဖြစ်ကြသည့် လင်းလက်ခွန်းချို၊ ပြည့်စုံ၊ စီဆမ်ကျော်ဇော၊ မေ့ချစ်သက်၊ သူရိန်မင်းခန့်၊ ဖြိုးဟန်ကျော်၊ မိုးဖူးဖူးခင်တို့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များ ဖြစ်ကြသည့် အိန္ဒြာစိုးစံ၊ ကျော်သက်အောင်၊ ရာဇာအောင်နှင့် မြနန္ဒာတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကိုရီးယားနိုင်ငံဘက်မှ ရုပ်သံဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားရှိသည့် နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော Mo Gun- hoo၊ Park San- ha၊ Cho Chan- Hyung တို့ကို အဓိက သရုပ်ဆောင်များအဖြစ် ရွေးချယ်ထားပြီး Song Jung- hwan၊ Jang Eun- Youn၊ Lee Je- na၊ Cho Won- hyung၊ Yoo Jun –hyuk နှင့် Lee See- yoon တို့ကို လူတွေ့စစ်ဆေးခြင်း (Audition) ပြုလုပ်၍ ရွေးချယ်ခဲ့ကာ ၎င်းတို့မှာ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၃ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြသည်။ယင်းရုပ်သံဇာတ်လမ်းတွဲကို ထူးချွန်ဆုရရှိထားသူ ဒါရိုက်တာ ရှင်ကီဝန်း ဦးဆောင်၍ လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး ဘဝအောင်မြင်ရေးအတွက် အရည်အချင်းများ တိုးတက်လာစေရန်၊ ကန့်သတ်ချက်များအကြားမှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အပြန်အလှန်သွားရောက်ရိုက်ကူးကာ လာမည့် မတ်လအပြီး ထုတ်လုပ်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

31

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဂျပန်အာဏာရ LDP ပါတီက အမတ်သစ်များအတွက် "နိုင်ငံရေးသိက္ခာ" သင်တန်းများ စတင်ပို့ချ

ကရင်ပြည်နယ်တွင် တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၅၉၀ဖမ်းမိခဲ့

cover-photo
right-arrow-icon