back

ဧရာဝတီတိုင်း၊ ဇလွန်-နန်း‌တော်ကျွန်း ဇက်ကူးခ ရုတ်တရက်ဈေးတက်သွား

Feb 19 • 3:38 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ ဇလွန်-နန်း‌တော်ကျွန်း ဇက်ကူးခ ရုတ်တရက်ဈေးတက်သွား

ဧရာဝတီတိုင်း၊ ဇလွန်မြို့ ဇက်ဆိပ်မှာ လေလံအောင်ထားသူက နန်းတော်ကျွန်း ဇက်ကူးခကို ရုတ်တရက် ၅၀၀ ဈေးတင်လိုက်တဲ့အတွက် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။“ဒီလိုမျိုး ကလေးကအစ ငွ...

ဧရာဝတီတိုင်း၊ ဇလွန်မြို့ ဇက်ဆိပ်မှာ လေလံအောင်ထားသူက နန်းတော်ကျွန်း ဇက်ကူးခကို ရုတ်တရက် ၅၀၀ ဈေးတင်လိုက်တဲ့အတွက် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။“ဒီလိုမျိုး ကလေးကအစ ငွေကောက်တာက အဆင်မပြေဘူး။ ပြီးတော့ ဈေးတွေတက်လာတယ်။ ဒါက ဇလွန်ရော နန်းတော်ကျွန်းဘက်ရော နှစ်ဖက်စလုံးမှာတက်တာနော်။ မြင်သာအောင်ပြောရရင် ဆန်တအိတ်အရင်က ၁၅,၀၀၀ ထား အခု ၁၅,၅၀၀ ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒါကိုတိုင်ဖို့လုပ်မှာ။ လူငါးဦးလက်မှတ်ထိုးပြီး တိုင်လို့ရတယ်ပြောတယ် ” လို့ နန်းတော်ကျွန်း ဘက်နေ ဇလွန်ဘက်ကို ကူးပြီး ဈေးရောင်းချနေသူ တဦးက ဆိုပါတယ်။ဇက်ကူးခအဖြစ် လူတဦးကို ငွေကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကိုတက်သွားပြီး ၅ နှစ်အထက် ကလေးတဦးကို ငွေကျပ် ၅၀၀ နဲ့ ကျောပိုးအိတ်လို တပိုင်တနိုင်အိတ်လေးတွေကစလို့ ခြင်း၊ တောင်း၊ အိတ် အရွယ်အစားပေါ်မူတည်ပြီး ငွေကောက်ခံမှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ပုံမှန်အားဖြင့် ဇလွန်ဇက်ဆိပ်လေလံ လက်လွှဲခြင်းကို ဧပြီလမှသာ ပြုလုပ်ကြလေ့ရှိပြီး ငွေတိုးမြှင့် ကောက်ခံခြင်းကိုလည်း အများသိအောင် ကြေညာပြီးမှ ကောက်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျပ်သိန်း ၁,၅၀၀ ဝန်းကျင်နဲ့ ဇက်ကူးခွင့်ရခဲ့တဲ့ ကိုတိုင်းကျော်စိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ဇက်ကူးခကို ဈေးတင်ခဲ့တာပါ။ဇလွန်နဲ့ နန်းတော်ကျွန်း ကျေးရွာအုပ်စုကို ဖြတ်သန်းကူးပေးနေတဲ့ ဇက်ဆိပ်တခုသာရှိပြီး ဒီဇက်ဆိပ်ကို နန်းတော်ကျွန်းကတဆင့် ရန်ကုန်တိုင်းအတွင်းက အဖျောက်မြို့အထိ ကုန်စည်စီးဆင်းမှုတွေ ရှိနေတာကြောင့် တရက်ကို ခရီးသွားပေါင်း ၅၀၀ နဲ့ ၇၀၀ ကြားမှာ သွားလာလေ့ရှိကြပါတယ်။

news-view-count-icon

23