တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် နွေဦးပွဲတော် ရုပ်ရှင်လက်မှတ်ရောင်းအားမှာ ကြိုတင်လက်မှတ်ရောင်းချမှု အပါအဝင် ကိုးရက်ကြာအားလပ်ရက်ကာလ၏ သုံးရက်မျှအချိန်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းအထိ ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၄ သန်းခန့်) ရရှိခဲ့ကြောင်း ရုပ်ရှင်လုပ်ငန်း အချက်အလက်များအရ သိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်၌ စတင်ခဲ့သော တရုတ်နွေဦးပွဲတော် အားလပ်ရက်ကာလမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်တွင် အရေးပါသောအချိန်ကာလများအနက် တစ်ခုလည်း ဖြစ်သည်။ ယခုနှစ် အားလပ်ရက်ကာလ ရုပ်ရှင်ကြည့်ရှုမှုများပြားသည့်ရာသီအတွင်း ရုပ်ရှင်ဇာတ်ကားအများအပြား ရုံတင်ပြသရန် စီစဉ်ထားပြီး ဟာသ၊ အက်ရှင်၊ အန်နီမေးရှင်းနှင့် သိပ္ပံဇာတ်ကား စသည့် ရုပ်ရှင်အနုပညာ အမျိုးမျိုးပါဝင်ကာ ပရိသတ်များအား ရုပ်ရှင်နှင့်ပတ်သက်၍ အတွေ့အကြုံအမျိုးမျိုးကို ခံစားရရှိစေနိုင်မည် ဖြစ်သည်။
Feb 19 • 2:08 AM
China
Local News
Share
| 7 | 0 | 0 | 0 |


