back

ပြည်တွင်း မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်လာသော်လည်း ပဲစင်းငုံနီနှင့် ပဲတီစိမ်းဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားခဲ့

Feb 19 • 1:46 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်လာသော်လည်း ပဲစင်းငုံနီနှင့် ပဲတီစိမ်းဈေးနှုန်းများမှာ ပြန်လည်ကျဆင်းသွားခဲ့

ပြည်တွင်း မတ်ပဲသည် ယခုတစ်ပတ်တွင်လည်း ဈေးတန်းအမြင့်တွင် ဆက်လက်တည်ရှိနေပြီး တစ်တန်လျှင် ၃၁ သိန်းနီးပါးအထိ ရှိလာသည်။ ဈေးကွက်အတွင်း မတ်ပဲအသစ်ဝင်ရောက်မှု နည်းပါးနေခြ...

ပြည်တွင်း မတ်ပဲသည် ယခုတစ်ပတ်တွင်လည်း ဈေးတန်းအမြင့်တွင် ဆက်လက်တည်ရှိနေပြီး တစ်တန်လျှင် ၃၁ သိန်းနီးပါးအထိ ရှိလာသည်။ ဈေးကွက်အတွင်း မတ်ပဲအသစ်ဝင်ရောက်မှု နည်းပါးနေခြင်းနှင့် အိန္ဒိယနိုင်ငံမှ ဝယ်လိုအားရှိနေခြင်းတို့ကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်းဈေးနှုန်းနှင့်အတူ ပြည်ပ FOB ဈေးနှုန်းမှာလည်း ဆက်တိုက်မြင့်တက်လာရာ ယခုတစ်ပတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၅ မှ ၈၃၅ အတွင်း ရှိနေပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၃၀ ခန့် ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ပဲစင်းငုံနီမှာမူ ယခုတစ်ပတ်အတွင်း ၄၀,၀၀၀ ကျပ်ခန့် ဈေးထပ်မံကျဆင်းသွားသည်။ ဈေးကွက်အတွင်းသို့ ပဲအသစ်များ ဝင်ရောက်လာခြင်းနှင့် လှောင်လက်သမားများ ထုတ်ရောင်းမှုများလာခြင်းတို့ကြောင့် ဈေးနှုန်းပြန်ကျလာခြင်းဖြစ်သည်။ပဲတီစိမ်းသည်လည်း တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း ဈေးကွက်အတွင်းသို့ ပဲအသစ်များ အဆက်မပြတ်ဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားခဲ့သည်။

news-view-count-icon

22