လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်းမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၃၅,၀၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၅၀၀,၀၀၀ နီးပါးတင်ပို့ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။အဆိုပါ ၁၀ လတာကာလအတွင်း တရုတ်အပါအဝင် ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃ သန်းကျော်တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇၃၅ သန်းရရှိထားကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ ပြည်တွင်းကထွက်ရှိတဲ့ ဆန်နှင့်ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်ဂျီယံ၊ ပိုလန်၊ နယ် သာလန်၊ မာဒါဂါစကာ စတဲ့နိုင်ငံတွေကို အဓိကတင်ပို့နေရပြီး နိုင်ငံအလိုက်ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် တရုတ် နိုင်ငံကို အများဆုံးဖြစ်ကြောင်း သိရပါတယ်။
Feb 19 • 1:45 AM
Myanmar
Local
Share
| 39 | 0 | 0 | 0 |


