ရခိုင်က နေရပ်စွန့်ခွာရသည့်နို့စို့ကလေးတွေအတွက် မော်ဒယ်လုလုအောင်က ကျပ်သိန်း ၃ဝ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။အဲဒီလှူဒါန်းငွေကို နေရပ်စွန့်ခွာစခန်းတွေက ခြောက်လအောက် နို့စို့အရွယ်ကလေးတွေအတွက် နို့မှုန့်အာဟာရပြည့်ဝစေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အရွယ်စုံ Arakanese Ladies အဖွဲ့ကနေတဆင့် လှူဒါန်းလိုက်တာပါ။အခုလှူဒါန်းမှုအပေါ် အရွယ်စုံ Arakanese Ladies အဖွဲ့က “ဂရုဏာတရားထားပြီး ပါဝင်လှူဒါန်းသူ အလှူရှင် မလုလုအောင် မိသားစု ကောင်းကျိုးလိုရာဆန္ဒမှန် သမျှ ပြည့်ဝပြီး စိတ်ရှိတိုင်းလက်မှာရပါစေ၊ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ။ လိုအင်ဆန္ဒမှန်သမျှပြည့်စုံပြီး အလုပ်အကိုင်အဆင်ပြေ၍စီးပွါးတိုးတက်ပါစေ။ နောက်လဲ လှူဒါန်းမှုတွေအများကြီးလုပ်နိုင်ပါစေ”လို့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။မော်ဒယ်လုလုအောင်ကလည်း “သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ယမန်နေ့က ဖော်ပြထားပါတယ်။



