back

မင်းဘူး(စကု)မြို့နယ်၌ G-12 ကျောင်းသား၊ ကျောင်း သူများကို စင်တာ(၄)ခုခွဲ၍ Online သင်တန်းပို့ချပေး

Feb 18 • 3:49 PM

breaking-news

Myanmar

Magway

cover

မင်းဘူး(စကု)မြို့နယ်၌ G-12 ကျောင်းသား၊ ကျောင်း သူများကို စင်တာ(၄)ခုခွဲ၍ Online သင်တန်းပို့ချပေး

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ G-12 ကျောင်း သား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် စင်တာ(၄)ခုခွဲ၍ ယနေ့ ဖေဖော်...

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ G-12 ကျောင်း သား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် စင်တာ(၄)ခုခွဲ၍ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ Online သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ သင်တန်းပို့ချမှုအား မကွေးတိုင်းအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူး(စကု)မြို့နယ်ရှိ မြို့နယ်ပ ညာရေးမှူးရုံး၊ အ.ထ.က(၁)မင်းဘူး၊ အ.ထ.က(၂)မင်းဘူးနှင့် အ.ထ.က(စကု)တို့တွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ သင်တန်းအား ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ (၃)ရက်ကြာ စင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။


news-view-count-icon

23