စင်ကာပူနိုင်ငံသားတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေဟာ ဒီနှစ် တရုတ်နှစ်သစ်ကူးကာလကို ထူးထူးခြားခြား အေးမြတဲ့ ရာသီဥတုနဲ့ ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် အပူချိန်ဟာ ၂၂.၇ ဒီဂရီစင်တီဂရိတ်အထိ ထိုးကျသွားခဲ့ပါတယ်။ တရုတ်နှစ်သစ်ကူး ပထမနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက စင်ကာပူတစ်ကျွန်းလုံးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အေးမြတဲ့ ရာသီဥတုက စတင်စိုးမိုးနေခဲ့တာပါ။ အခုလို အေးမြတဲ့ ရာသီဥတုဟာ အရှေ့မြောက်မုတ်သုံလေ တိုက်ခတ်နေတာကြောင့် ဖြစ်ပြီး ဖေဖော်ဝါရီလရဲ့ နောက်ဆုံးနှစ်ပတ်အထိ ဆက်ပြီး ရှိနေဦးမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။



