back

ဘဏ်ထုတ်ငွေ ကန့်သတ်ချက်ကြောင့် ပြင်ပမှာ ရာခိုင်နှုန်း​​ပေး ​ငွေထုတ်​နေရ

Feb 18 • 1:24 PM

breaking-news

Myanmar

Local

cover

ဘဏ်ထုတ်ငွေ ကန့်သတ်ချက်ကြောင့် ပြင်ပမှာ ရာခိုင်နှုန်း​​ပေး ​ငွေထုတ်​နေရ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တင်းကျပ်တဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ငွေလိုအပ်သလောက် ရရှိနိုင်ဖို့အတွက် ပြင်ပကနေ ရာခိုင်နှုန်း (ကော်မရှင်ခ) ပေးပြီး ထု...

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တင်းကျပ်တဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ငွေလိုအပ်သလောက် ရရှိနိုင်ဖို့အတွက် ပြင်ပကနေ ရာခိုင်နှုန်း (ကော်မရှင်ခ) ပေးပြီး ထုတ်ယူနေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။လက်ရှိအခြေအနေဟာ ငွေသားကို အဓိကထားရတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပြီး ငွေလိုသလောက် ရရှိနိုင်ဖို့ ကော်မရှင်ခပေးကာ အကျိုးဆောင်တွေက တဆင့် ငွေသား ရှာဖွေနေရတာကြောင့် လုပ်ငန်းရှင်တွေအတွက် စရိတ်စက ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။လက်ရှိအချိန်ဟာ နိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွေမှာ ပဲရိတ်သိမ်းရာသီ ဖြစ်တယ်လို့ သိရပြီး ဘဏ်တွေကနေ ငွေကြေးလိုသလောက် ထုတ်မပေးတော့တာကြောင့် တောင်သူတွေဆီက ကုန်ပစ္စည်း ဝယ်ယူရာမှာ ငွေပေးချေနိုင်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ဒါအပြင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားတွေကို နေ့စဉ် ငွေပေးချေရမှုတွေ ရှိနေ‌တာကြောင့် ငွေကြေး လည်ပတ်နိုင်ဖို့အတွက် အခက်ကြုံနေရတယ်လို့ သိရပါတယ်။အခုလို ကော်မရှင်ခယူပြီး ငွေထုတ်ပေးနေသူတွေဟာ ဘဏ်မန်နေဂျာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေကြတာတွေလည်း ရှိနေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်း စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။နိုင်ငံတဝန်းရှိ ပုဂ္ဂလိကဘဏ်တွေကနေ ငွေထုတ်ယူရာမှာ ဘဏ်တွေအလိုက် ကျပ်သိန်း ၂၀၊ ၃၀ မှ ကျပ်သိန်း ၅၀၊ ၁၀၀ ဝန်းကျင်အထိသာ ထုတ်ယူလို့ရတဲ့ အခြေအနေဖြစ်ပြီး ဘဏ်တခုနဲ့တခုလည်း တရက်နဲ့တရက် ငွေထုတ်ယူရတဲ့ ပမာဏ၊ ကန့်သတ်ချက်တွေ တူညီမှုမရှိကြဘူးလို့ သိရပါတယ်။အခုလို ဘဏ်တွေမှာ ငွေထုတ်ယူမှု ကြန့်ကြာနေပေမယ့် Mobile Banking နဲ့ ငွေအလွှဲအပြောင်း ပြုလုပ်ပါက ငွေကြေးပမာဏ ကန့်သတ်ထားခြင်း မရှိပါဘူး။ ATM စက်က​နေ ငွေထုတ်ရင် တယောက်ကို ကျပ် ၁၀ သိန်း၊ ငွေလွှဲကထုတ်ရင် ကျပ်သိန်း ၂၀ အထိရပြီး စပါယ်ရှယ်အကောင့်နဲ့ ငွေလွှဲပါက ကျပ်သိန်း ၅၀ အထိ ထုတ်လို့ရပါတယ် ။


news-view-count-icon

37