back

မန်းရွှေစက်တော်ရာဘုရားကြီးတွင် ရုံးပိတ်ရက်ရှည်ကာလအတွင်း တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့

Feb 18 • 1:22 PM

breaking-news

Myanmar

Magway

cover

မန်းရွှေစက်တော်ရာဘုရားကြီးတွင် ရုံးပိတ်ရက်ရှည်ကာလအတွင်း တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယနေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူပေါင်း သုံးသောင်းခန့် လ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယနေ့ထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူပေါင်း သုံးသောင်းခန့် လာရောက်ခဲ့ပြီး တည်းခိုဆောင်အခန်းများ ပြည့်သည်အထိစည်ကားခဲ့ကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ ထံမှ သိရသည်။မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များအပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိပြီး ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် ပိုမိုစည်ကားလျက် ရှိကြောင်း သိရသည်။



news-view-count-icon

24