back

အိန္ဒိယ - ပလက်ဝ(မြန််မာ)နယ်စပ်ကုန်သွယ်ရေးလမ်း မီဇိုရမ်ပြည်နယ်၊ရှာဟာခရိုင်က ပြန်ဖွင့်

Feb 18 • 1:15 PM

breaking-news

Myanmar

Local

cover

အိန္ဒိယ - ပလက်ဝ(မြန််မာ)နယ်စပ်ကုန်သွယ်ရေးလမ်း မီဇိုရမ်ပြည်နယ်၊ရှာဟာခရိုင်က ပြန်ဖွင့်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာ(Siaha) ခရိုင်နဲ့ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းများအနက် ရှာဟာခရိ...

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာ(Siaha) ခရိုင်နဲ့ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းများအနက် ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလမ်းကို မနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစလို့ ပြန်ဖွင့်လိုက်တဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဖက်မှာ မီဇီုးယာဉ်မောင်းသမား သေဆုံးသွားခဲ့ခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယ - မြန်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်ကနေ မြန်မာနဲ့ ဆက်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစလို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ပိတ်ထားတဲ့ လောင်တလိုင်ခရိုင်နဲ့ ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်လမ်းကို ရှာဟာခရိုင်နဲ့ မြန်မာနိုင်ငံကြား နယ်စပ်လမ်းကို မနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၂ နာရီကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်။လက်ရှိပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မြို့နယ်တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းပို့ဆောင်ရာမှာ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်ပါတယ်။



news-view-count-icon

42