“မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီ (၃) ဆု ဆွတ်ခူးရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့နယ်တွင် လူဦးရေ (၁) သောင်းစာအတွက် ကြက်သားဟင်း၊ ငါးဖယ်ဟင်းနှင့် ငါးကြော်ဟင်းအရံများဖြင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့သည်။ ထို့ပြင် “ပြည့်စုံသျှင်” စိန်ရွှေရတနာဆိုင်မှလည်း လူဦးရေ (၁) သောင်းအတွက် အအေးများကို ကုသိုလ်ပြု ပါဝင်လှူဒါန်းခဲ့ကြသည်။ ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ လှူဒါန်းနိုင်ရန် ကူညီပေးကြသော တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ချစ်ခင်အားပေးကြသော ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
“မောင့်မိဖုရား” ရုပ်ရှင် အကယ်ဒမီ (၃) ဆုရအထိမ်းအမှတ်အဖြစ် လူဦးရေ (၁) သောင်းစာ စတုဒီသာ ကျွေးမွေးလှူဒါန်း
Feb 18 • 5:07 AM
Myanmar
Yangon
Share
| 35 | 0 | 0 | 0 |


