back

ဗန်ကောက်တွင် အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးမှုဖြင့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

Feb 18 • 5:05 AM

breaking-news

Thailand

Local News

cover

ဗန်ကောက်တွင် အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးမှုဖြင့် မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ Chom Thong ခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သား ၄...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ Chom Thong ခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဖြစ်စဉ်မှာ သေဆုံးသူ အမေရိကန်နိုင်ငံသားနှင့် ၎င်း၏ရည်းစားဟောင်းဖြစ်သူ (မြန်မာအမျိုးသမီး) တို့ကြား အခြေတင်ဖြစ်ပွားရာမှ အမျိုးသမီး၏ အစ်ကိုဖြစ်သူအပါအဝင် သူငယ်ချင်း ၄ ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မြန်မာလုပ်သားများ၏ ထွက်ဆိုချက်အရ အမေရိကန်နိုင်ငံသားသည် ဓားကိုင်ဆောင်ကာ အခန်းသို့ လာရောက်ရန်စခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သတ်ရန်ရည်ရွယ်ချက်မရှိဟု ဆိုသော်လည်း သေဆုံးသူတွင် ဓားဒဏ်ရာ ၅ ချက်နှင့် ခြေထောက်ကျိုးဒဏ်ရာများ တွေ့ရှိခဲ့သည်။ လက်ရှိတွင် ရုပ်အလောင်းကို Siriraj ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိုင်းရဲတပ်ဖွဲ့က တရားဥပဒေအရ အရေးယူနိုင်ရန် အမှုကို ဆက်လက်စစ်ဆေးနေကြောင်း သိရှိရပါသည်။

news-view-count-icon

18