back

YouTube ဝန်ဆောင်မှု ကမ္ဘာတစ်ဝန်း ပြတ်တောက်မှုဖြစ်ပွားပြီး အဖြူရောင်စခရင်များသာ ပေါ်နေခဲ့

Feb 18 • 5:02 AM

breaking-news

Myanmar

International

cover

YouTube ဝန်ဆောင်မှု ကမ္ဘာတစ်ဝန်း ပြတ်တောက်မှုဖြစ်ပွားပြီး အဖြူရောင်စခရင်များသာ ပေါ်နေခဲ့

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် Alphabet ပိုင် YouTube ဝန်ဆောင်မှုသည် အမေရိကန်၊ စင်ကာပူ၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် အကြီးအကျယ် ပြတ်တေ...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် Alphabet ပိုင် YouTube ဝန်ဆောင်မှုသည် အမေရိကန်၊ စင်ကာပူ၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် အကြီးအကျယ် ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗီဒီယိုအကြံပြုစနစ် (Recommendation System) ချို့ယွင်းချက်ကြောင့် YouTube Homepage၊ App နှင့် YouTube Kids တို့တွင် ဗီဒီယိုများ ပေါ်မလာတော့ဘဲ အဖြူရောင်စခရင်များသာ ပြနေခဲ့ပြီး အမေရိကန်၌ အသုံးပြုသူ ၃ သိန်းကျော်အထိ တိုင်ကြားမှုများ ရှိခဲ့သည်။ သို့သော် ဗီဒီယို Link တိုက်ရိုက်ရှိသူများမှာမူ ပုံမှန်ကြည့်ရှုနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပါသည်။

news-view-count-icon

20