back

ထိုင်းနိုင်ငံ၊ ဖိချိတ်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်း ၃ ဦး ဖမ်းဆီးခံရ

Feb 18 • 5:00 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဖိချိတ်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်း ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဖိချိတ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်က အရှိန်ပြင်းစွာမောင်းနှင်လာသည့် သံသယဖြစ်ဖွယ်ကား ၃ စီးကို စစ်ဆေးရာမှ ...

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဖိချိတ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်က အရှိန်ပြင်းစွာမောင်းနှင်လာသည့် သံသယဖြစ်ဖွယ်ကား ၃ စီးကို စစ်ဆေးရာမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ထိုင်းယာဉ်မောင်း ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများသည် နယ်စပ်တောလမ်းများမှတစ်ဆင့် ဝင်ရောက်လာကြသူများဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၈,၅၀၀ စီ ပေးဆောင်ကာ ထိုင်းနိုင်ငံအလယ်ပိုင်းသို့ အလုပ်လုပ်ရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့အား ဝချီရာဘာရာမီရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

13