ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးရှိ ဧက ၁၉ ဝန်းကျင်၌ ကုန်တင်ယာဉ်ရပ်နားစခန်းစီမံကိန်းကို လုပ်ဆောင်နေကြောင်း သိရသည်။ကုန်တင်ယာဉ်ကြီးများရပ်နားစခန်းကို EOI ဆောင်ရွက်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
တောင်ကြီးမြို့ လေးမိုင်ကွေ့ - နောင်တလီ -ညိုမီး - နောင်ပနားဗွာ - လင်းကွင်း - ထီရီ လမ်းပေါ်တွင် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်ရန် နောင်လေကျေးရွာအုပ်စု ပင်ငိုကျေးရွာအနီးတွင် ကုန်တင်ယာဉ်ရပ်နားစခန်းစီမံကိန်းကို ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။



