ဦးနှောက်ကို သံလိုက်စွမ်းအင်အသုံးပြုတဲ့ ဦးခေါင်းခွံဖြတ် သံလိုက်လှုံ့ဆော်မှု(TMS)နည်းလမ်းဟာ စိတ်ဓာတ်ကျဝေဒနာရှင်တွေကို ကုသရာမှာ အကုန်အကျသက်သာတဲ့ ရွေးချယ်မှုဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အခြားသော စိတ်ကျန်းမာရေးကုသမှုတွေနဲ့ယှဉ်ရင် TMS နည်းလမ်းက စိတ်ကျလက္ခဏာတွေ သက်သာစေသလို NHS အတွက် ဖိအားတွေ လျော့ကျစေနိုင်မယ်လို့ သုံးသပ်ထားပါတယ်။အချိန်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ် သက်သာစေပြီး အလုပ်အကိုင်ပျက်ရတဲ့နေ့တွေ လျော့နည်းလာနိုင်ပါတယ်။ စိတ်ကျန်းမာရေးဝန်ဆောင်ဌာန ၆ ခုနဲ့ စမ်းသပ်ပါဝင်သူ ၄၄၂ ဦးတို့ထံကနေ ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်ထားတာဖြစ်ကြောင်း သုတေသနဦးဆောင်သူ နော်တင်ဂမ်တက္ကသိုလ်မှ အက်ဝပ်ကောက်စ်က ပြောပါတယ်။



