back

မုံရွာမြို့၊ ဘုရားလှစေတီဝင်းအတွင်းရှိ ၈၇ နှစ်သက်တမ်းရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်မွမ်းမံနေ

Feb 18 • 3:54 AM

breaking-news

Myanmar

Sagaing

cover

မုံရွာမြို့၊ ဘုရားလှစေတီဝင်းအတွင်းရှိ ၈၇ နှစ်သက်တမ်းရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်မွမ်းမံနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ သမိုင်းဝင် ဘုရားလှစေတီတော်ဝင်းအတွင်းရှိ သက်တမ်း ၈၇ နှစ်ရှိပြီဖြစ်သော ရှေးဟောင်းကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ သမိုင်းဝင် ဘုရားလှစေတီတော်ဝင်းအတွင်းရှိ သက်တမ်း ၈၇ နှစ်ရှိပြီဖြစ်သော ရှေးဟောင်းကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို အလှူရှင်တစ်ဦး၏ မတည်မှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိသည်။ အဆိုပါခေါင်းလောင်းကြီးသည် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် (၁၉၃၉ ခုနှစ်) က မုံရွာမြို့မင်းကြီး ဦးဘိုးအိုနှင့် ဇနီးဒေါ်တုပ်တို့က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊ အလေးချိန် ၁၈၉ ပိဿာကျော်ရှိကာ ကြေးမုံရွာမှ ကြေးသွန်းဆရာကြီး ဦးထွန်းမြ၏ လက်ရာဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းကြီး၏ ထူးခြားချက်မှာ ခေါင်းလောင်းပတ်လည်တွင် ရုပ်ပုံများနှင့် အင်းကွက်များ စနစ်တကျ ရေးထိုးထားခြင်းဖြစ်ပြီး၊ လက်ရှိတွင် ခေါင်းလောင်းစင်အား အသစ်ပြန်လည်ပြုပြင်ခြင်းနှင့် ခေါင်းလောင်းကြီးကို ရောင်တော်ပြန်ဖွင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

31