back

ပုသိမ်မြို့တွင် နှစ်သစ်ကူးအထိမ်းအမှတ် နမ်ဖုရွှေနဂါးအဖွဲ့ လှည့်လည်ကပြဖျော်ဖြေ

Feb 18 • 3:53 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်မြို့တွင် နှစ်သစ်ကူးအထိမ်းအမှတ် နမ်ဖုရွှေနဂါးအဖွဲ့ လှည့်လည်ကပြဖျော်ဖြေ

ပုသိမ်မြို့၊ နမ်ဖုကွမ်ရင်မယ်တော်ကျောင်းမှ "နမ်ဖုရွှေနဂါးလူငယ်များ" အဖွဲ့သည် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပုသိမ်မြို့အတွင်း လှည့်လည်ကပြဖျော်ဖြေခဲ့ကြသည်။ ဖေဖော...

ပုသိမ်မြို့၊ နမ်ဖုကွမ်ရင်မယ်တော်ကျောင်းမှ "နမ်ဖုရွှေနဂါးလူငယ်များ" အဖွဲ့သည် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပုသိမ်မြို့အတွင်း လှည့်လည်ကပြဖျော်ဖြေခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် Ocean Shopping Center ရှေ့ရှိ View Point ၌ စတင်ကပြခဲ့ပြီး၊ ထိုမှတစ်ဆင့် ကုန်သည်လမ်းတစ်လျှောက် CB Bank ရှေ့မှ အ.မ.က (၂၄) ကျောင်းရှေ့အထိ လှည့်လည်ဖျော်ဖြေခဲ့ကြသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင်လည်း ကမ်းနားလမ်းရှိ နမ်ဖုကွမ်ရင်မယ်တော်ကျောင်းရှေ့၌ ဆက်လက်ကပြဖျော်ဖြေခဲ့ရာ ဒေသခံများ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

18