back

ပြည်တွင်း၌နှစ်ရက်တာအတွင်း ငလျင်(၆)ကြိမ်အထိလှုပ်ခတ်ခဲ့

Feb 18 • 3:08 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌နှစ်ရက်တာအတွင်း ငလျင်(၆)ကြိမ်အထိလှုပ်ခတ်ခဲ့

အခုရက်ပိုင်း ဖေဖော်ဝါရီလ(၁၇)မှ(၁၈)ရက်မနက်ပိုင်းအတွင်း ငလျင်(၆)ကြိမ်အထိလှုပ်ခတ်ခဲ့တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲရဲ့ ထုတ်ပြန်ချက်အ...

အခုရက်ပိုင်း ဖေဖော်ဝါရီလ(၁၇)မှ(၁၈)ရက်မနက်ပိုင်းအတွင်း ငလျင်(၆)ကြိမ်အထိလှုပ်ခတ်ခဲ့တယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။လှုပ်ခတ်သွားတဲ့နေရာတွေကတော့ (၁)စစ်ကိုင်းတိုင်း၊မင်းကင်းမြို့အနီး အင်အား (၃.၁)အဆင့် ၊(၂)မကွေးတိုင်း၊ စေတုတ္တရာမြို့အနီး အင်အား(၄.၀)အဆင့်၊(၃) မကွေးတိုင်း၊ စေတုတ္တရာမြို့အနီး အင်အား(၃.၆)အဆင့်၊(၄)စစ်ကိုင်းတိုင်း၊လေရှီးမြို့အနီး အင်အား(၄.၀)အဆင့်၊(၅) မန္တလေးတိုင်း အမရပူရမြို့နယ်အနီး အင်အား(၃.၂)အဆင့် ၊(၆)မကွေးတိုင်း၊ထီးလင်းမြို့နယ်အနီး အင်အား(၃.၅) အဆင့်ရှိ ငလျင်တွေဆက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။၂၀၂၅ခုနှစ်မတ်လ(၂၈)ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း မန္တလေး၊စစ်ကိုင်းနဲ့ရှမ်းပြည် ဘက်မှာ နောက်ဆက်တွဲငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ဒီကနေ့၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်အချိန်အထိ နောက်ဆက်တွဲငလျင်(၂၈၀)အထိလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

news-view-count-icon

46