back

လေဖိအားနည်းရပ်ဝန်းကြောင့် ကရင်၊မွန်တို့၌မိုးရွာမည်ဖြစ်ကာနောက်(၂)ရက်အတွင်း ရန်ကုန်နှင့်ဒေသ(၇)ခုမိုးထပ်ရွာနိုင်

Feb 18 • 2:58 AM

breaking-news

Myanmar

Local

breaking-news
cover

လေဖိအားနည်းရပ်ဝန်းကြောင့် ကရင်၊မွန်တို့၌မိုးရွာမည်ဖြစ်ကာနောက်(၂)ရက်အတွင်း ရန်ကုန်နှင့်ဒေသ(၇)ခုမိုးထပ်ရွာနိုင်

လေဖိအားနည်းရပ်ဝန်းကြောင့် နောက်(၂)ရက်အတွင်း ရန်ကုန်နဲ့ဒေသ(၇)ခုမိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဒီနေ့ ညနေအထိခန့်မှန်းချက်အ...

လေဖိအားနည်းရပ်ဝန်းကြောင့် နောက်(၂)ရက်အတွင်း ရန်ကုန်နဲ့ဒေသ(၇)ခုမိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဒီနေ့ ညနေအထိခန့်မှန်းချက်အဖြစ် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရွာနှုန်း ၈၀ ရှိတယ်လို့ဆိုပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ နေရာ ကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ သိရပါတယ်။

news-view-count-icon

39