ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ သာသနာပြုခရီးကြွရောက်နေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ရှိ ဗုဒ္ဓဂယာစေတီတော်နှင့် အောင်မင်္ဂလာကျောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့ရှိ ကျိုင်းလိန်မွေတော်နှင့် သျဲန်စို့စေတီတော် (ထီးတော်တင်) တို့အပြင် လဲချားမြို့ ဟိုလွယ်ကျောင်းတို့၌ တရားနာပရိသတ်များအား တရားဓမ္မများ ချီးမြှင့်ပေးခဲ့ကြောင်း၊ ဆရာတော်ကြီးသည် လဲချားမြို့မှတစ်ဆင့် ပင်လုံမြို့နယ် ပန်ကန်ရွာသို့ ရောက်ရှိကာ (၂) ညတာ သီတင်းသုံး ကျိန်းစက်မည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် တောင်ကြီးမြို့သို့ ဆက်လက်ကြွရောက်ရန် ရှိကြောင်း သိရှိရပါသည်။
မိုင်းဖုန်းဆရာတော် တန့်ယန်း၊ ကျေးသီးနှင့် လဲချားမြို့များတွင် တရားချီးမြှင့်ကာ ပင်လုံမြို့၌ ညအိပ်ကျိန်းစက်
Feb 18 • 2:58 AM
Myanmar
Local
Share
| 41 | 0 | 0 | 0 |


