back

လိ-င်ဆက်ဆံကြတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်းလောက်မှာ HPV ဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်တယ်လို့ ဆရာဝန် သတိပေး

Feb 17 • 7:27 AM

breaking-news

Thailand

Local News

cover

လိ-င်ဆက်ဆံကြတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်းလောက်မှာ HPV ဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်တယ်လို့ ဆရာဝန် သတိပေး

လိ-င်ဆက်ဆံကြတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်လောက်ဟာ သူတို့ရဲ့ ဘဝတစ်ချိန်ချိန်မှာ human papillomavirus (HPV) ပိုး ကူးစက်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ က...

လိ-င်ဆက်ဆံကြတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်လောက်ဟာ သူတို့ရဲ့ ဘဝတစ်ချိန်ချိန်မှာ human papillomavirus (HPV) ပိုး ကူးစက်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ကိုယ့်ဆီမှာ ပိုးရှိနေတာကို လုံးဝ မသိကြပါဘူး။ ဒါကြောင့် ကျား၊ မ မရွေး ကာကွယ်ဆေးထိုးကြဖို့ ထိုင်း မီးယပ်အထူးကုဆရာဝန်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။သနာကန် ဆေးရုံက မီးယပ်အထူးကုဆရာဝန် ဒေါက်တာ ပရာယုံဆရီ ကမ်ပရာပန် က HPV ဆိုတာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အဓိကတရားခံလို့ လူသိများတဲ့အတွက် HPV ကာကွယ်ဆေးဟာ အမျိုးသမီးတွေအတွက်ပဲလို့ လူအများက ထင်နေကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ အမျိုးသားတွေဟာလည်း အဲဒီပိုး ကူးစက်ခံရနိုင်ခြေ အရမ်းကို မြင့်မားနေပြီး အများစုကတော့ ကိုယ့်ဆီမှာ ပိုးရှိနေမှန်းကို မသိကြပါဘူး။လိ-င်ဆက်ဆံဖူးတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်လောက်ဟာ သူတို့ရဲ့ ဘဝတစ်ချိန်ချိန်မှာ HPV ကူးစက်ခံရပါလိမ့်မယ်။ အမျိုးသားတွေရဲ့ ကိုယ်ခံအားစနစ်က အဲဒီဗိုင်းရပ်စ်ကို ကောင်းကောင်း မတုံ့ပြန်နိုင်တဲ့အတွက် ဘာရောဂါလက္ခဏာမှ မပြဘဲ ခန္ဓာကိုယ်ထဲမှာ ၁၀ နှစ်ကျော်ကြာ ကိန်းအောင်းနေနိုင်ပါတယ် လို့ ဒေါက်တာ ပရာယုံဆရီ က ပြောပါတယ်။အမျိုးသားတွေမှာ HPV ကူးစက်ခံရတာဟာ ခံတွင်းနဲ့ လည်ချောင်းကင်ဆာတွေ အပါအဝင် ရောဂါတော်တော်များများနဲ့ ဆက်စပ်နေပါတယ်။ အဲဒီကင်ဆာတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ငါးဆအထိ ပိုဖြစ်လေ့ရှိပါတယ်။ အဲဒီအပြင် စအိုကင်ဆာ၊ လိ-င်တံကင်ဆာနဲ့ လိ-င်အင်္ဂါကြွက်နို့တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

news-view-count-icon

15