back

လူသိနည်းသောဖြည့်စွက်အားဆေးတစ်မျိုးသည်ဖျားနာခြင်းမှကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိ

Feb 17 • 5:10 AM

breaking-news

Myanmar

Local

breaking-news
cover

လူသိနည်းသောဖြည့်စွက်အားဆေးတစ်မျိုးသည်ဖျားနာခြင်းမှကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိ

လူသိပ်မသိကြတဲ့ ဖြည့်စွက်အားဆေးတစ်မျိုးဟာ ပြင်းထန်စွာ ဖျားနာခြင်း၊ ရောဂါဖြစ်ပြီးနောက် အသက်ဆုံးပါးခြင်းတို့မှ ကာကွယ်စေနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။ နေထ...

လူသိပ်မသိကြတဲ့ ဖြည့်စွက်အားဆေးတစ်မျိုးဟာ ပြင်းထန်စွာ ဖျားနာခြင်း၊ ရောဂါဖြစ်ပြီးနောက် အသက်ဆုံးပါးခြင်းတို့မှ ကာကွယ်စေနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။ နေထိုင်စားသောက်မှုပုံစံလေး ပြောင်းလဲခြင်းဖြင့် အလျင်အမြန် ပြန်လည်သက်သာစေနိုင်ပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘဲ အစားအစာမှသာရရှိတဲ့ မက်သီယိုနင် အမိုင်နိုအက်ဆစ်ကို သုတေသီတွေ လေ့လာခဲ့ကြပါတယ်။

မက်သီယိုနင်ကို ကြက်ဥ၊ ကြက်ဘဲ၊ ငါး၊ အမဲသားတို့လို ပရိုတိန်းကြွယ်ဝစာတွေမှာ တွေ့နိုင်သလို အခွံမာသီးများ၊ နှမ်းစေ့၊ ပဲပိစပ်၊ တိုဖူး၊ ပဲနီလေးတို့မှာလည်း တွေ့ရပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာ ပရိုတိန်းဖြစ်စေခြင်း၊ DNA ထောက်ကူပေးခြင်း၊ ပျက်စီးတစ်ရှူးများ ပြုပြင်ခြင်းစတဲ့ ကဏ္ဍတွေမှာ ပါဝင်ပါတယ်။

news-view-count-icon

42