back

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ငလျင် သုံးကြိမ် လှုပ်ခတ်ခဲ့

Feb 17 • 4:23 AM

breaking-news

Myanmar

Local

breaking-news
cover

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ငလျင် သုံးကြိမ် လှုပ်ခတ်ခဲ့

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက စေတုတ္တရာမြို့ကိုဗဟိုပြု၍ မိနစ်ပိုင်းသာခြားပြီး ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး မင်းကင်းမြို့တွင်လည်း တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ...

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက စေတုတ္တရာမြို့ကိုဗဟိုပြု၍ မိနစ်ပိုင်းသာခြားပြီး ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး မင်းကင်းမြို့တွင်လည်း တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ယနေ့ ဖေဖေယ်ဝါရီလ ၁၇ ရက် နံနက် ၅ နာရီ ၃၉ မိနစ် ၆ စက္ကန့်က စေတုတ္တရာမြို့၏ အနောက်ဘက် ၂၆ မိုင်ခန့်အကွာ၊ အနက် ၅၆ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင် လှုပ်ခတ်ခဲ့သည်။ မိနစ်ပိုင်းသာခြားပြီး နံနက် ၅ နာရီ ၂၀ မိနစ် ၄၆ စက္ကန့်တွင် စေတုတ္တရာမြို့၏ အနောက်ဘက်မိုင် ၂၀ ခန့်အကွာ၊ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။ နံနက် ၃ နာရီ ၁၀ မိနစ် ၂၁ စက္ကန့်က မင်းကင်းမြို့၏ အနောက်ဘက် ၁၇ မိုင်ခန့်အကွာ၊ အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။


news-view-count-icon

52