back

ကချင်ပြည်နယ်၊ဖားကန့် ကုဋေမှော်တွင် မြေစာပုံပြိုကျမှုဖြစ်ပွား

Feb 17 • 3:18 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ဖားကန့် ကုဋေမှော်တွင် မြေစာပုံပြိုကျမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေမှော် (အဲဗား) ဧရိယာတွင် ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီခွဲခန့်က မြေစာပုံကြီး ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်တူးသမား အမြောက်အမ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေမှော် (အဲဗား) ဧရိယာတွင် ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီခွဲခန့်က မြေစာပုံကြီး ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်တူးသမား အမြောက်အများ မြေပိပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ ကုဋေမှော် ၁၁၁ ကုမ္ပဏီအနီးရှိ မြေစာပုံပြိုကျရာမှ ရေအိုင်အတွင်းသို့ မြေစာများ ပိကျကာ ရေလျှံတက်လာခြင်းဖြစ်ပြီး၊ အခင်းဖြစ်ချိန်တွင် ရှိနေသူများအနက် လူ ၁၀ ဦးခန့်သာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။ ပြိုကျသွားသည့် မြေစာပမာဏ အလွန်များပြားခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲနေပြီး စက်ယန္တရားများဖြင့် အချိန်ယူတူးဖော်မှသာ ပျောက်ဆုံးနေသူများကို ပြန်လည်တွေ့ရှိနိုင်မည် ဖြစ်သည်။ အဆိုပါ ကုဋေမှော်ဧရိယာတွင် ၂၀၂၃ ခုနှစ်ကလည်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရပါသည်။

news-view-count-icon

64