back

ရှမ်းယူနိုက်တက်နဲ့ပွဲမှာ လူသစ်ကစားသမားတွေ ထုတ်သုံးမယ်လို့ ရန်ကုန်အသင်းနည်းပြချုပ် ဆို

Feb 17 • 2:38 AM

breaking-news

Myanmar

Local

cover

ရှမ်းယူနိုက်တက်နဲ့ပွဲမှာ လူသစ်ကစားသမားတွေ ထုတ်သုံးမယ်လို့ ရန်ကုန်အသင်းနည်းပြချုပ် ဆို

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုက အသင်းတွင် ဒဏ်ရာရကစားသမား အများအပြား ရှိနေခြင်းကြောင့် လာမည့် ရှမ်းယူနိုက်တက်နှင့် အရေးကြီးပွဲစဉ...

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုက အသင်းတွင် ဒဏ်ရာရကစားသမား အများအပြား ရှိနေခြင်းကြောင့် လာမည့် ရှမ်းယူနိုက်တက်နှင့် အရေးကြီးပွဲစဉ်တွင် လူသစ်ကစားသမားများကို ထည့်သွင်းအသုံးပြုသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ အသင်း၌ အမာခံကစားသမား ၁၀ ဦးခန့်သာ ကျန်းမာရေးကောင်းမွန်သော်လည်း အသင်း၏ ပုံစံကောင်းနှင့် စိတ်ဓာတ်ပိုင်းကို ဆက်လက်ထိန်းသိမ်းကာ အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပရိသတ်များ၏ အားပေးမှုကြောင့် နိုင်ပွဲများ ရရှိနေခြင်းဖြစ်၍ လာမည့်ပွဲတွင်လည်း လာရောက်အားပေးကြရန် ဖိတ်ခေါ်ထားသည်။ ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်တို့၏ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည့် MNL ပွဲစဉ် (၁၈) ကို ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ် ၃ နာရီခွဲတွင် YUSC အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24