back

ထိုင်းနိုင်ငံ၊ ခွန်ကိန်းခရိုင်တွင် ရွှေဆိုင်တစ်ဆိုင် တစ်ကိုယ်တော် ဓားပြတိုက်ခံရ၊ ဘတ် ၂ သန်းဖိုးခန့် ပါသွား

Feb 17 • 2:18 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ခွန်ကိန်းခရိုင်တွင် ရွှေဆိုင်တစ်ဆိုင် တစ်ကိုယ်တော် ဓားပြတိုက်ခံရ၊ ဘတ် ၂ သန်းဖိုးခန့် ပါသွား

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ခွန်ကိန်းခရိုင်၊ ဆွိုင်သောင်အရပ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၁၅ ရက်က တစ်ကိုယ်တော် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆ...

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ခွန်ကိန်းခရိုင်၊ ဆွိုင်သောင်အရပ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၁၅ ရက်က တစ်ကိုယ်တော် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြသည် ရွှေဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ကာ ပါလာသည့် သံတုတ်ဖြင့် မှန်များရိုက်ခွဲပြီး ရွှေအလေးချိန် ၂၆ ဘတ် (တန်ဖိုးအားဖြင့် ဘတ် ၂ သန်းဖိုးခန့်) ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း CCTV မှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် ရွှေစျေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံရှိ မြို့ကြီးများတွင် ရွှေဆိုင်ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဆိုင်ရှင်များအနေဖြင့် လုံခြုံရေးအထူးသတိပြုရန် တာဝန်ရှိသူများက သတိပေးနှိုးဆော်ထားပါသည်။

news-view-count-icon

15