back

ဖေဖော်ဝါရီလ ပိတ်ရက် ခရီးသွားများသဖြင့် တောင်ကြီးမြို့မှ ရန်ကုန် သို့ ပြေးဆွဲသောကားလက်မှတ်များအရောင်းကုန်ပြီဟုသိရ

Feb 16 • 3:00 PM

breaking-news

Myanmar

Shan

cover

ဖေဖော်ဝါရီလ ပိတ်ရက် ခရီးသွားများသဖြင့် တောင်ကြီးမြို့မှ ရန်ကုန် သို့ ပြေးဆွဲသောကားလက်မှတ်များအရောင်းကုန်ပြီဟုသိရ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှ ရန်ကုန် သို့ ပြေးဆွဲသော အဝေးပြေးခရီးသည် မော်တော် ယာဉ်လိုင်းများ ဖြစ်သည့် JJ Elite၊ ရွှေတောင်ရိုး ၊ ငွေကမ္ဘာ ၊ ဒို့ညီနေ...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှ ရန်ကုန် သို့ ပြေးဆွဲသော အဝေးပြေးခရီးသည် မော်တော် ယာဉ်လိုင်းများ ဖြစ်သည့် JJ Elite၊ ရွှေတောင်ရိုး ၊ ငွေကမ္ဘာ ၊ ဒို့ညီနောင် ၊ တော်ဝင်ချယ်ရီစသည့် မော်တော်ယာဉ်လိုင်းဂိတ်များသည် ဖေဖော်ဝါရီလ ပိတ်ရက် အတွင်း လက်မှတ်အရောင်းကုန်သွားပြီ ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၁၂ ရက်မှ စတင်၍ ရုံးပိတ်ရက်ရှည် ခရီးထွက်သူ များသဖြင့် ယာဉ်လိုင်းများ လက်မှတ် ကုန်သွားပြီ ဖြစ်ကြောင်း ၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၇ ရက် အထိ ခြောက်ရက် တိုင်တိုင် လက်မှတ်များ မရှိတော့ကြောင်း လက်မှတ် အရောင်းဌာန များက ဆိုသည်။ဖေဖော်ဝါရီလ ရုံးပိတ်ရက်အတွင်း ရှမ်းပြည်နယ်သို့ ခရီးထွက်သူ များပြားသဖြင့် ကားတန်းရှည်ကြီးများ ပိတ်နေကြောင်း ၊ ခရီးသွားများ ပြည့်နေကြောင်း သိရသည်။ 



news-view-count-icon

30