back

တောင်ကြီးမြို့၌ လမ်းဘေးခွေး များပြားလာအဆိပ်ချနည်းအစား စနစ်တကျ ဖြေရှင်းရန်လိုအပ်

Feb 16 • 2:59 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့၌ လမ်းဘေးခွေး များပြားလာအဆိပ်ချနည်းအစား စနစ်တကျ ဖြေရှင်းရန်လိုအပ်

ရှမ်းပြည်နယ် တောင်ပိုင်း၊တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် လမ်းဘေးခွေးများ ပိုမိုများပြားလာပြီး လမ်းဘေးခွေးများအား စနစ်တကျ ကိုင်တွယ်ခြင်းမရှိသဖြင့် ပြဿနာမ...

ရှမ်းပြည်နယ် တောင်ပိုင်း၊တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် လမ်းဘေးခွေးများ ပိုမိုများပြားလာပြီး လမ်းဘေးခွေးများအား စနစ်တကျ ကိုင်တွယ်ခြင်းမရှိသဖြင့် ပြဿနာများ ဆက်လက်ဖြစ်ပွားနေကြောင်းလည်း ဝေဖန်သုံးသပ်ထားသည်။ထို့အပြင် အိမ်ငှားနေထိုင်သူအချို့က ခွေးမွေးထားပြီး နေရာပြောင်းရွှေ့ချိန်တွင် ထားခဲ့သည့်ဖြစ်ရပ်များလည်း ရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သမားများ ခွေးများကို ခေါ်လာပြီး လုပ်ငန်းပြီးဆုံးပါက ပြန်လည်မခေါ်သွားသည့် စသည့် စည်းကမ်းမဲ့ မွေးခြင်းကြောင့် များပြားလာသည်။အချို့ဒေသများတွင် လမ်းဘေးခွေးများ များပြားနေခြင်းကြောင့် စည်ပင်သာယာအဖွဲ့မှ အဆိပ်ချနည်းဖြင့် ဖယ်ရှားမှုများ ပြုလုပ်သည်ဟု ဒေသခံများက ပြောဆိုကြပြီး ထိုနည်းလမ်းသည် လူမှုရေးနှင့် တိရစ္ဆာန်ကာကွယ်ရေးဆိုင်ရာ အမြင်အရ မသင့်လျော်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။



news-view-count-icon

33