back

အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

Feb 16 • 2:58 PM

breaking-news

Myanmar

Local

cover

အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညပိုင်းမှ စတင်ကာ မနက်ဖြန် (၁၇) ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံဒေသအချို့ကို အလွန့်အလွန် အားကောင်းသော "စူပါအအေးလှိုင်းကြီး (Super Cold Wa...

ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညပိုင်းမှ စတင်ကာ မနက်ဖြန် (၁၇) ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံဒေသအချို့ကို အလွန့်အလွန် အားကောင်းသော "စူပါအအေးလှိုင်းကြီး (Super Cold Wave)" ဖြတ်သန်းတိုက်ခတ်မည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာမှ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။သာမန်အအေးလှိုင်းအဆင့်မှ "စူပါအအေးလှိုင်း" အဆင့်သို့ ရုတ်တရက် အားကောင်းလာခြင်းဖြစ်ပြီး အောက်ပါဒေသများတွင် နေထိုင်သူများ အထူးဂရုစိုက်ကြရန် လိုအပ်ပါသည်။အဓိက သတိပြုရမည့် ဒေသများ (Core Affected Areas)

အအေးလှိုင်းဒဏ် အပြင်းထန်ဆုံး ခံစားရနိုင်သည့် ဒေသများမှာ -


နေပြည်တော်


မကွေးတိုင်း


ပဲခူးတိုင်း (အနောက်ပိုင်း)


ဧရာဝတီတိုင်း (မြောက်ပိုင်း)


မန္တလေးတိုင်း (အောက်ပိုင်း)


ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့်


ကယားပြည်နယ် တို့ဖြစ်ပါသည်။

အအေးလှိုင်းဖြတ်သန်းမည့် အခြားဒေသများ

စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ် (အထက်ပိုင်း) ဒေသများတွင်လည်း အအေးဒဏ် ပိုမိုကဲလာနိုင်ပါသည်။ဒီရက်ပိုင်းကျော်လွန်ပါက သာမန်အအေးလှိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။



news-view-count-icon

90